Local News: မောင်တောအကြမ်းဖက်မှုအပေါ် အလွန်စိုးရိမ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ထုတ်ပြန်

မိမိအနေနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း တရားဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

play

 

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် အလွန်စိုးရိမ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နယ်စပ်မောင်တောဒေသမှာ  ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ရခိုင်ပြည်နယ်ကို မတည်ငြိမ်မှုတွေ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာစေဖို့ လမ်းကြောင်းပေးနေပြီး အိုးအိမ်စွန့်ခွာပြေးရှောင်သူတွေကို အသစ်ထပ်မံ ဖန်တီးလာနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူထုအသိုင်းအဝိုင်းအားလုံးအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ရမှာဖြစ်ပြီး မိမိအနေနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း တရားဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားထားပါတယ်။

 ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးဟာ နိုဝင်ဘာ ၁၅ ရက်က  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ ဘင်္ဂါလီခေါင်းဆောင်အချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ