Local News: မြန်မာ့သစ်တွေကို တရားမဝင်ရောင်းချတဲ့ ဥရောပသစ်ကုမ္ပဏီ တရားစွဲခံရ

, updated

တရားမ၀င်သစ်ခုတ်လှဲမှု မြင့်မားနေတဲ့ မြန်မာသစ်တွေကို မှတ်ပုံတင်ခွင့်ရရှိမှသာ ရောင်းချခွင့်ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက ကန့်သတ်ထားတာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံက သစ်တွေကို တရားမ၀င် ၀ယ်ယူပြီး ဥရောပဈေးကွက်သို့ တင်သွင်းရောင်းချခဲ့တယ်လို့  သံသယရှိတဲ့ ဥရောပသစ်ကုမ္ပဏီကို ဆွီဒင်အစိုးရက ဥရောပသစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းဥပဒေတွေအရ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ တရားစွဲဆိုလိုက်ကြောင်းကို  လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး Almtra Nordic သစ်ကုမ္ပဏီဟာ မြန်မာ့သစ်လုပ်ငန်းကနေ ၀ယ်ယူခဲ့တဲ့ သစ်တွေရဲ့ ထွက်ရှိရာဒေသနဲ့ ပေါက်ရောက်ရာဒေသကို အထောက်အထားတွေနဲ့ ဖော်ပြနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တရားမ၀င်သစ်ခုတ်လှဲမှု မြင့်မားနေတဲ့ မြန်မာသစ်တွေကို မှတ်ပုံတင်ခွင့်ရရှိမှသာ ရောင်းချခွင့်ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဥရောပဈေးကွက်မှာ ရောက်ရှိနေတဲ့ မြန်မာသစ်တွေဟ ဥပဒေအရ တားမြစ်ထားတဲ့ သစ်တွေဖြစ်ပြီး ကုမ္ပဏီမှာ လက်ဝယ်တွေ့ရှိတာကြောင့် ဆွီဒင်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ