Local News: ၃ နှစ်အရွယ် ကလေးကို ပီနံအိတ်ထဲထည့်ပြီး ခိုးဖို့ကြံသူကို ဖမ်းဆီးမိ

လူတစ်ရပ်လောက်ရှိတဲ့ အိတ်ကြီးထဲကို ထည့်မလို့လုပ်တာဖြစ်တယ်။

play

 

ပလတ်စတစ်ကောက်တဲ့ အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မန္တလေးမြို့မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီးနေ အသက် (၃)နှစ်အရွယ် ကလေးငယ်ကို ပီနံအိတ်အတွင်းသို့ထည့်ပြီး ခိုးယူဖို့ ကြိုးစားတဲ့ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

လူတစ်ရပ်လောက်ရှိတဲ့ ပီနံအိတ်ထဲထည့်ဖို့ ကြိုးစားနေစဉ်မှာ ပတ်ဝန်းကျင်ကတွေ့ရှိကာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ကလေးကို ကျောက်ဝိုင်းထဲကနေ ခေါ်လာတာဖြစ်ပြီး အခိုးခံရတဲ့ကလေးက ကျောက်ဝိုင်းနားက လက်ဖက်ရည်ဆိုင် အလုပ်သမားတွေနေတဲ့အဆောင်က ဖြစ်တယ်လို့ ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းဦးက ပြောထားပါတယ်။  

လက်ရှိမှာ အဆိုပါ ၁၂ နှစ်အရွယ် မိန်ကလေးကို လူမှုဝန်ထမ်းကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 Source: 7Day Daily

Photos : Friday Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ