Local News: အမေရိကန်ဒေါ်လာ ၁၃၀၇ ကျပ်ထိ စံချိန်တင် မြင့်တက်

  မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်တဲ့ အခြေအနေ မဟုတ်ဘူး။

play

 

 ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဟာ စံချိန်တင်ဈေးနှုန်းအမြင့်ဆုံးကို တက်လာခဲ့ပြီး တစ်ဒေါ်လာကို  ၁,၃၀၇  ကျပ်ထိ ရောက်ရှိလာခဲ့ပါတယ်။ 

အမေရိကန်ဒေါ်လာဟာ နိုဝင်ဘာလအတွင်း ဆက်တိုက်ဈေးပြန်လည်မြင့်တက်လာတာဖြစ်ပြီး   နိုဝင်ဘာ ၁၅ ရက်မနက် ပြင်ပဈေးကွက်ဖွင့်ချိန်မှာ တစ်ဒေါ်လာကို ၁,၃၀၇ ကျပ်နဲ့ ဈေးဖွင့်ပြီး မွန်းလွဲပိုင်းမှာ ၁,၃၀၅ ကျပ်နဲ့ အနည်းငယ် ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိခြင်း၊ အစိုးရဘတ်ဂျက် အသုံးစရိတ်တွေ ထပ်မံချထားပေးခြင်းနဲ့ ဆက်စပ်ပြီး  အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာတာဟာ  မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်တဲ့ အခြေအနေ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောထားပါတယ်။

ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေပေမဲ့ ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၁,၂၈၅ ကျပ် သတ်မှတ်ထားပါတယ်။

Source: 7Day Daily
Photos: Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ