Local News: ကျိုက်ထီးရိုးစေတီမှာ ဘုရားဖူးတွေ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့ ဆိုင်ခန်းတွေကို အရေးယူမယ်

ဆိုင်ယာယီပိတ်သိမ်းတဲ့ စနစ်နဲ့ အရေးယူသွားမှာပါ။

play

 

မွန်ပြည်နယ်၊ ကျိုက်ထီးရိုးစေတီမှာ ဘုရားဖူးသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ဈေးဆိုင်တွေကို ယာယီဆိုင်ပိတ်တဲ့စနစ်နဲ့ အရေးယူသွားမယ်လို့ ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ထံကနေ သိရပါတယ်။

ကျိုက်ထီးရိုးစေတီ နယ်နိမိတ်ထဲမှာ ကန်ထရိုက်ပေးထားတဲ့ ဈေးဆိုင်တွေကို ဂေါပကအသစ်လက်ထက်မှာ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်ရင် ဆိုင်ရှင်တွေကို ပထမအကြိမ်ခေါ်ယူဆွေး နွေးမှာဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံ ဖောက်ဖျက်ရင် ဆိုင်ယာယီပိတ်သိမ်းတဲ့ စနစ်နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

play

 

ယာယီဆိုင်ပိတ်သိမ်းတာကို အနည်းဆုံးငါးရက်ကနေ အများဆုံး ၁၀ ရက်အထိ သတ်မှတ်ထားပြီး ဘုရားပွဲတော် ကာလအတွင်း ကျောက်ထပ်ကြီးဘုရားနားမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်က ဘုရားဖူးဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ ယာယီဆိုင်ပိတ်သိမ်းထားကြောင်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ဒါ့အပြင် အမှိုက်တွေနဲ့ သန့်ရှင်းမှုမရှိတဲ့ နေရာတွေအတွက်လည်း အမှိုက်ပုံးတွေထားရှိဖို့နဲ့ ဝန်ထမ်းအသစ်တွေခေါ်ယူဖို့ စီစဉ်ထားပြီး ဘုရားနယ်နိမိတ်အတွင်း သန့်ရှင်းမှုရှိစေဖို့ ဘုရားဖူးသူတွေက ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဝင် ဒေါက်တာအေးဇံက ပြောပါတယ်။

Source : 7DayDaily

Photos : 7DayDaily,Myanmar Travel

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ