Local News: စာရိတ္တမကောင်းရင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ထူထောင်နိုင်မှာမဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့၊ လုပ်ငန်းအဖွဲ့တွေနဲ့ တွေ့ဆုံတုန်းမှာ ပြောခဲ့တာပါ။

play

 

အလုပ်အကိုင်မရှိတာက တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက လူတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးစေပြီး အကျင့်စာရိတ္တ မကောင်းရင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်နိုင်မှာမဟုတ်ဘူးလို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့၊ လုပ်ငန်းအဖွဲ့တွေနဲ့ တွေ့ဆုံတုန်းမှာ အခုလိုပြောကြားခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

အထူးစီးပွားရေးဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုနဲ့ မိမိတို့နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာက ယုံကြည်မှုရရှိအောင် ဆောင်ရွက်ဖို့နဲ့ စီးပွားရေးဇုန်တွေက နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းတွေဖြစ်လို့ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : State Counsellor Offfice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ