Local News: လုံခြုံရေးအခြေအနေအရ ရခိုင်အကြံပေး ကော်မရှင်ရဲ့ မောင်တောခရီးစဉ် ဖျက်သိမ်း

ရခိုင်အကြံပေးကော်မရှင်ရဲ့ ခရီးစဉ်မှာ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနမ် မပါဝင်ခဲ့ပါဘူး။

play

 

ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကောင်မရှင်အဖွဲ့က မောင်တောကိုသွားဖို့ စီစဉ်ထားမှုတွေကို လုံခြုံရေးအခြေအနေတွေအရ  ဖျက်သိမ်းခဲ့တယ်လို့ အဆိုပါကော်မရှင်မှအဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ ခရီးစဉ်မှာ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနမ် မပါဝင်ခဲ့ဘဲ ကော်မရှင်အဖွဲ့ဝင်ခြောက်ဦးပဲ ပါဝင်ခဲ့ပြီး စစ်တွေမြို့က နှစ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့  တွေ့ဆုံသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“မနေ့က ညနေပိုင်းမှာ ကော်မရှင် အဖွဲ့တွေနဲ့ စစ်တွေ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အဓိက,ကတော့ သူတို့သိချင်တာတွေကို ဖြေကြားခဲ့တာပါ”လို့ စစ်တွေမြို့ သက္ကယ်ပြင် ကျေးရွာမှ အစ္စလာမ်ဘာသာဝင် ဦးကျော်လှအောင်က ပြောပါတယ်။

ကော်မရှင်ရဲ့ ခရီးစဉ်အတွင်း စစ်တွေမြို့ရှိ သဲချောင်း၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဇောပူဂျာ၊ အုန်းရေဖော်စသော ကျေးရွာတွေကို သွားရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှာ စစ်တွေမြို့ကနေ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

Source & Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ