Local News: ဖိနပ်ချင်းမှားတာကနေ စကားများရန်ဖြစ်ပြီး (၇၀) အရွယ် အဘိုးအိုတစ်ဦးသေဆုံး

မုံရွာမြို့နယ် ကြာပိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။

play

 

ဖိနပ်မှားစီးလို့ လိုက်လံလဲလှယ်တာကနေ စကားများရန်ဖြစ်ပြီး ကြွက်ထိုးမှိန်းနဲ့ ထိုးတာကနေ အသက် (၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် မုံရွာမြို့နယ် ကြာပိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ မြို့မရဲစခန်းကနေ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်ညနေက ကြာပိုင်ကျေးရွာ တာပေါင်နားက ကွပ်ပျစ်မှာ အမျိုးသားနှစ်ဦးထိုင်နေတုန်း အသက် (၃၈)နှစ်အရွယ် အမျိုးသားက နေအိမ်သို့ပြန် သွားရာ ကျန်ခဲ့တဲ့ အသက် (၇၀) အရွယ်အဘိုးအိုရဲ့ ဖိနပ်ကိုမှားစီးသွားလို့ အဆိုပါအမျိုးသားနောက်ကို လိုက်သွားပြီး ဖိနပ်လဲလှယ်တာကနေ စကားများပြီး အပြန်အလှန်တုတ်နဲ့ ရိုက်နှက်ခဲ့ကြကာ အသက်(၃၈)နှစ်အရွယ် အမျိုးသားက  ကြွက်ထိုးမှိန်းနဲ့ အသက် (၇၀)အရွယ် အမျိုးသားရဲ့ရင်ညွန့်ကို ထိုးသွင်းခဲ့လို့ နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။

‘‘ဖိနပ်မှားလို့ လိုက်လဲတာ စကားများပြီး တစ်ယောက်နဲ့တစ် ယောက် အပြန်အလှန်ရိုက်ကြ တယ်။ အနားမှာရှိတဲ့ ကြွက်ထိုး မှိန်းနဲ့ထိုးလို့ အသက် (၇၀)အ ရွယ် အမျိုးသားကြီးက နေရာမှာ သေဆုံးသွားတယ်။ တရားခံ လည်း ဖမ်းမိပါတယ်။ လူသတ်မှု နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်’’လို့  မုံရွာမြို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ