Local News: မြစ်တွင်းပြေး ခရီးသည်တင် အမြန်ရေယာဉ်လိုင်းတွေအတွက် တင်ဒါခေါ်ပြီ

လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းတွေထဲမှာ ပြေးဆွဲဖို့ ခေါ်ယူတာပါ။

play
ရန်ကုန်-ဒလပြေးဆွဲလျက်ရှိသည့် သင်္ဘောတစ်စီးကို တွေ့ရစဉ်။

 

ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောကြပ်တည်းတာတွေကို ဖြေလျော့နိုင်ဖို့ လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းတွေထဲမှာ ပြေးဆွဲမယ့် မြစ်တွင်းပြေး ခရီးသည်တင် အမြန်ရေယာဉ်လိုင်းတွေအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တင်ဒါခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

လှိုင်မြစ်ကြောင်းတစ်လျောက်မှာ ပြေးဆွဲမယ့် ခရီးသည်တင်အမြန်ရေယာဉ်တွေအတွက် ခရီးသည် ၅၀ ကနေ ၁၀၀ အတွင်း တင်ဆောင်နိုင်မယ့် ရေယာဉ်တွေနဲ့ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမယ့် ခရီးသည်ရေယာဉ်တွေအတွက်  ခရီးသည် ၃၅ ယောက်ကနေ ၆၀ အထိတင်ဆောင်နိုင်မယ့် ရေယာဉ်တွေအတွက် တင်ဒါခေါ်ယူခဲ့တာပါ။

တင်ဒါလျှေက်လွှာပုံစံနဲ့ တင်ဒါစည်းကမ်းချက်တွေကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ၂၁-၁၁-၂၀၁၆ ရက်ကနေ ၂၀-၁၂-၂၀၁၆ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါလျှောက်လွှာတွေကို ၂၆-၁၂-၂၀၁၆ ရက် ညနေ ၁၆း၃၀နာရီ နောက်ဆုံးထား တင်သွင်းရမယ်လို့ သိရပါတယ်။

Source : Yangon Time

Photo : Penang Travel Tips

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ