Local News: တစ်ဦးချင်းဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဖုန်းဘီလ်အတွက်သုံးနေ

ဖုန်းခေါ်ဆိုမှုထက် အင်တာနက်အသုံးပြုမှုပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံမှာ ပြည်သူအများစုက တစ်ဦးချင်းဝင်ငွေလစာတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဖုန်းဘီလ်အတွက်အသုံးပြုနေရပြီး တခြားဒေသတွင်းနိုင်ငံတွေထက် ပိုမိုမြင့်မားတဲ့ နှုန်းထားနဲ့ ပေးဆောင်နေရတယ်လို့  မြန်မာနိုင်ငံကွန်ပျူတာအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ  ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတွေ လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ဖုန်းဘီလ်ပေးဆောင်ရမှုက အရင်ကထက် အနည်းငယ်သာလျော့ကျခဲ့ပြီး နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် ဖုန်းအသုံးပြုခ မြင့်မားနေဆဲဖြစ်ကာ၊ ပြည်တွင်းမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေက ဖုန်းခေါ်ဆိုမှုထက် အင်တာနက်အသုံးပြုမှုပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

play

 

"ကျွန်တော်တို့နိုင်ငံမှာ ဆက်သွယ်ရေးကဏ္ဍ အလျင်အမြန်တိုးတက်လာတယ်ဆိုတာ လူတိုင်းဖုန်းတစ်လုံး ကိုင်ဆောင်နိုင်တာ ကသက်သေပြနေပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် ပြည်သူတွေ တစ်လရရှိတဲ့လစာ ဒါမှမဟုတ် ဝင်ငွေထဲက ဖုန်းအသုံးပြုတဲ့ ထွက်ငွေက ၂ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတဲ့ ကုန်ကျစရိတ်တွေကို ပြောင်းလဲလျှော့ချပေး ဖို့တော့လိုပါပြီ''မြန်မာနိုင်ငံ ကွန်ပျူတာအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ဝင်ရောက်လာရင် ဝန်ဆောင်မှုပိုမိုအားကောင်းလာနိုင်ပြီး ဖုန်းဘီလ်ကုန်ကျစရိတ်တွေလည်း  လျော့ကျလာဖွယ်ရှိပြီး ပြည်သူတွေရဲ့တစ်ဦးချင်းစီ ဝင်ငွေတွေ တိုးတက်လာပေမဲ့ ဖုန်းဘီလ်ကုန်ကျစရိတ်တွေကြောင့် ထွက်ငွေကုန်ကျစရိတ် မြင့်မားမှုက တစ်ဦးချင်းဝင်ငွေ GDP နဲ့ အချိုးကျလုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

Source : Yangon Time

Photos : GNLM,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ