Local News: မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မာန်အောင်မှာ ပြေးလမ်းချော်

ဘီးပေါက်ပြီး ပြေးလမ်းချော်သွားတာပါ။

play

 

ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ထွက်ခွာလာတဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးက နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မာန်အောင်လေယာဉ်ကွင်းကို ဆင်းသက်တုန်းမှာ  လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့အမျိုးသားပိုင်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၂၄၂ CARAVAV ချာလီအမျိုးအစား ခရီးသည်တင်လေယာဉ်ငယ်က ဒီနေ့ (နိုဝင်ဘာ ၁၆ရက်) မနက် ၉ နာရီမှာ  ရန်ကုန်မြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ရခိုင်ပြည်နယ် မာန်အောင်မြို့ လေဆိပ်ကို ဆင်းသက်စဉ် ပေ ၂၀၀ လောက်အလိုမှာ ညာဘက်ဘီးပေါက်ပြီး ပြေးလမ်းပေါ်ကနေ ချော်ထွက်သွားခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ငါးဦး၊ လေယာဉ် ပိုင်းလော့၊ အကူပိုင်းလော့နဲ့ လေယာဉ်မယ်တစ်ဦး စုစုပေါင်း ရှစ်ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့  မြန်မာအမျိုးသားပိုင် လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photo : MCN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ