Local News: ပြည်သူတွေကို စစ်ပညာသင်ပေးဖို့ အင်ဒိုနီးရှားက မြန်မာကို အကြံပေး

အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် လူထုကပဲ အဓိကအင်အားလို့ ဆိုပါတယ်။

play
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးနှင့် မြန်မာကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်။

 

အကြမ်းဖက်မှုအပါအဝင် လုံခြုံရေးပြဿနာတွေကို ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးနေတဲ့ Bela Negara ဘယ်လာနေဂါရာခေါ် လူထုကို စစ်ရေးလေ့ကျင့်ခန်းတွေ သင်ကြားပေးတဲ့ အစီအစဉ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျင့်သုံးဖို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu ရီယာမိုင်ဇာ ရီယာကူဒူးက မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးတို့ ဂျာကာတာမြို့မှာ မနေ့က တွေ့ဆုံရာမှာ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် လူထုကပဲ အဓိကအင်အားဖြစ်တယ်လို့ အင်ဒိုနီးရှားဝန်ကြီးက ပြောဆိုခဲ့တာကို Jakarta Post သတင်းစာက ဖော်ပြခဲ့တာပါ။

နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်အရ အရပ်သားတွေကို စစ်ပညာသင်ပေးတာက ပြည်သူအချင်းချင်း ပဋိပက္ခတွေဖြစ်ပွားအောင် အားပေးရာကျတယ်လို့  ဝေဖန်ပြစ်တင်နေကြပေမဲ့ အင်ဒိုနီးရှားအစိုးရကတော့ ဒီအစီအစဉ်ကို ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာပဲ ကျင့်သုံးဖို့ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Source : Yangon Media

Photo : Jakata Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ