Local News: ကျူးကျော်တွေအရစ်ကျ ဝယ်ယူနိုင်မယ့် တိုက်ခန်းတစ်သောင်းကျော်ဆောက်မယ်

အမှန်တကယ် နေအိမ်မရှိတဲ့ ကျူးကျော်နေထိုင်သူတွေ အရစ်ကျဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ပြီး အမှန်တကယ် နေအိမ်မရှိတဲ့ ကျူးကျော်နေထိုင်သူတွေ အရစ်ကျဝယ်ယူနိုင်မယ့် တိုက်ခန်းပေါင်း တစ်သောင်းနီးပါးကို  ဖော်ဆောင်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းထဲမှာရှိတဲ့  ကျူးကျော်တွေအတွက် အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ထားတဲ့အခြေအနေကို ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒီနေ့ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာကို နယ်လုံဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ကျူးကျော်အရေအတွက်နဲ့ တိုက်ခန်းအရေအတွက် လုံလောက်မှုရှိအောင် အစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာ ကျူးကျော် မိသားစုပေါင်း တစ်သိန်းခွဲကျော် ရှိနေပြီး ကျူးကျော်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးသွားမှာဖြစ်ကာ အမှန်တကယ် နေစရာမရှိသူတွေမဟုတ်ဘဲ စီးပွားဖြစ်ကျူးကျော်နေထိုင် သူတွေကို စာရင်းအပြီးအစီး ကောက်ယူပြီးနောက်ပိုင်းမှာ အရေးယူသွားမယ် လို့လည်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source & Photo : rfa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ