Local News: အန္တရာယ်ရှိ ပညာရေးအဆောက်အအုံ တစ်ပြည်လုံးမှာ ခြောက်ထောင်ခန့်ရှိ

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လျာထားဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်တယ်။

play

 

တစ်ပြည်လုံးမှာ အန္တရာယ်ရှိတဲ့ ပညာရေးအဆောက်အအုံ ခြောက်ထောင်ခန့်ရှိတယ်လို့ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

 ပညာရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကို မိဘလိုသဘောထားပြီး အလွတ်သဘောတင်ပြရရင် အန္တရာယ်ရှိ ပညာရေးအဆောက်အအုံအဖြစ် ပြင်ဆင်ဖို့ လိုအပ်တဲ့အဆောက်အအုံဟာ ခြောက်ထောင်လောက်ရှိကြောင်း တင်ပြအပ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဦးဆောင်ပြီး ညွှန်ကြားရေးမှူးချုပ်တွေဟာ အပတ်စဉ် တစ်ပြည်လုံးမှ လက်လှမ်းမီရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အန္တရာယ်ရှိ အဆောက်အအုံ၊ ဥပဓိရုပ် မကောင်းတဲ့ ပညာရေးအဆောက်အအုံနဲ့ ပြုပြင်ဖို့ လိုအပ်တဲ့ အဆောက်အအုံတွေကို ကွင်းဆင်းကြည့်ရှုပြီးဖြစ်တယ်လို့  ဒုဝန်ကြီးက ပြောထားပါတယ်။

ယခုတင်ပြချက်ဟာ လာမယ့်၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လျာထားဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ