Local News: ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ သီရိမင်္ဂလာဈေးက ပျံကျဈေးသည်တွေကို ရွှေ့ပြောင်း

ဂိုဒေါင်အတွင်းကို  ပြောင်းရွေ့ခံရတဲ့  ကုန်စိမ်းဈေးသည်တွေဟာ နေရာပြောင်းရွှေ့ခံရမှုကို ကန့်ကွက်ပြောဆိုခဲ့ကြတယ်။

play

 

သီရိမင်္ဂလာဈေးသစ်နဲ့ ဘုရင့်နောင်ကားလမ်းမကြီးဘေးမှာ ရောင်းချနေတဲ့  ပျံကျဈေးသည်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေရာရွှေ့ပြောင်းချထားပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ရက်နေ့က  ပျံကျကုန်စိမ်းဈေးသည် ၉၀၀ကျော်ကို  ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော် လုံခြုံရေးယူကာ သီရိမင်္ဂလာဈေးသစ် သစ်သီးပွဲရုံနောက်ဘက်ရှိ ဂိုဒေါင်ရုံအဆောက်အအုံအတွင်းသို့ နေရာပြောင်းရွှေ့ချထားခဲ့တာဖြစ်ပါတယ်။

ဈေးရဲ့ရှေ့မှာရောင်းချနေတဲ့ ဈေးသည်တွေကို စနစ်တကျ ရောင်းချနိုင်ဖို့အတွက် နေရာချထားပေးတာဖြစ်ပြီး  အဆိုပါအဆောက်အအုံကြီးကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ငှားထားတာဖြစ်ကာ တစ်လပြည့်သွားပြီဆိုရင်တော့ ဈေးရောင်းသူတွေဟာ သတ်မှတ်ထားတဲ့ဈေးနှုန်းတစ်ခုကို ကုမ္ပဏီနဲ့  စာချုပ်ချုပ်ရမှာဖြစ်တယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောကြားထားပါတယ်။

ဂိုဒေါင်အတွင်းကို  ပြောင်းရွှေ့ခံရတဲ့  ကုန်စိမ်းဈေးသည်တွေဟာ နေရာပြောင်းရွှေ့ခံရမှုကို ကန့်ကွက်ပြောဆိုခဲ့ကြတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily, ဂျေမောင်မောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ