Local News: ရခိုင်ပြည်နယ်ဖြစ်စဉ်တွေ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်မယ့် ကော်မတီဖွဲ့စည်း

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းခဲ့တာပါ။

play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်တာတွေလုပ်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးဆောင်တဲ့ "နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ"ကို  နိုဝင်ဘာ ၁၆ ရက် က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

HRW-Human Rights Watch က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုသတင်းဓာတ်ပုံတွေကို အခြေခံပြီး သတင်းရေးသားထားတဲ့ ဘန်ကောက်ပို့စ် သတင်းစာမှာ မောင်တောနယ်မြေအတွင်း လူနေအဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့ သတင်း နိုဝင် ဘာ ၁၄ ရက်မှာ ပါရှိပြီးနောက် အခုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ကျွန်တော်တို့ သတင်းထုတ် ပြန်ရေးအဖွဲ့သည် အဖြစ်မှန်တွေ ကို ဖုံးကွယ်ထားဖို့မဟုတ်ဘူး။ မဟုတ်မမှန်စွပ်စွဲချက်တွေကို ပြန်ချေပဖို့ ဖြစ်ပါတယ်’’လို့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦးက ဒုတိယဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတွင်းရေးမှူးအဖြစ် ပါဝင်နေပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ရဲမှူးကြီး မျိုးသူစိုးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့က အဖွဲ့ဝင်အဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ