Local News: လမ်းမတော်မြို့နယ်က ကလေးတစ်ဦးကို ဇီကာဗိုင်းရပ်စ် သံသယရှိလို့ စစ်ဆေးနေ

ဇီကာသံသယလူနာ ၅၀ ဦးမြောက်ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်က အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဇီကာရောဂါ ဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးနေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

‘‘ဓာတ်ခွဲစမ်းသပ်မှုအဖြေက မနက်ဖြန် မနက် (နိုဝင်ဘာ ၁၇ ရက်) ဆိုရင် သိရပြီ။ အခုအထိ တော့ ကလေးငယ်ဟာ ဇီကာဗိုင်း ရပ်စ်ကူးစက်ခံထားရတဲ့ သံသယ ရှိ လူနာတစ်ဦးအနေနဲ့ပဲ ပြောနိုင်မယ်။ ရောဂါထောက်လှမ်းရှာဖွေ မှုတွေကို ရောဂါစစ်ဆေးမှုအဖြေ ရပြီးမှပဲ ဆက်လုပ်နိုင်မယ်’’ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

ဒီကလေးငယ်အတွက် စစ်ဆေးမှုကို နိုဝင်ဘာ ၁၆ ရက်မှာ စတင်လုပ်ဆောင်နေပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနရဲ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေထွက်ပေါ်လာမှပဲ ဇီကာရောဂါရှိ၊ မရှိ အတည်ပြုပြော ကြားနိုင်မယ်လို့ ဆိုပါတယ်။

အခုတွေ့ရှိတဲ့ လူနာကလေးငယ်က မြန်မာကလေးငယ်ဖြစ်ပြီး ဇီကာသံသယလူနာ ၅၀ ဦးမြောက်ဖြစ်ကာ ဒီလူနာစာရင်းက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကောက်ယူ စာရင်းပြုစုထားတာလို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ