Local News: လမ်းဘေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအတွက် စည်းကမ်းချက်တွေထုတ်ပြန်မယ်

မလိုက်နာတဲ့သူတွေကို စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

play

 

ပြည်တွင်းမှာရှိတဲ့ လမ်းဘေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် လိုက်နာရမယ့် လမ်းညွှန်ချက်၊ စည်းကမ်းဥပဒေတွေထုတ်ပြန်သွားမယ်လို့  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

‘‘လမ်းဘေးမှာရောင်းချတဲ့ ဈေးသည်များအနေနဲ့ သန့်ရှင်းမှုရှိစေရန် လိုအပ်တဲ့စည်းကမ်းချက်၊ ညွှန်ကြားချက်တွေကို တစ်ပြေးညီဖြစ်အောင်၊ ခေတ်နဲ့ ညီအောင်၊ လိုအပ်ချက်နဲ့ ပြည့်စုံအောင် ရေးဆွဲကြမယ်၊ ဘယ်လိုအချက်အလက်တွေ ထည့်သွင်းပြောမလဲ ဆွေးနွေးကြမှာ ဖြစ်ပါတယ်’’လို့ ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

play

 

ညွှန်ကြားချက်တွေ ထုတ်ပြီးသွားရင် ဒုတိယအဆင့်အနေနဲ့ တိုင်းနှင့် ပြည်နယ်အလိုက် လမ်းဘေးဈေးသည်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ပညာပေးပြီး ရှင်းပြတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

‘‘လမ်းဘေးဈေးသည်တွေ မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ရှိကြပါတယ်။ ကျွန်တော်တို့လည်း အခက်အခဲတွေကို နားလည်ပါတယ်။ နားလည်ပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ လိုက်နာရမယ်။ သူ့အဆင့်နဲ့ သူလိုက်နာရမယ်။ လိုက်နာဖို့အတွက် အချိန်တစ်ခု ကျွန်တော်တို့ ပေးရမယ်’’လို့ ဒေါက်တာသန်းထွဋ်ကပြောခဲ့ပြီး ထုတ်ပြန်တဲ့ စည်းကမ်းချက်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နိုင်ဖို့ အချိန်ကာလတစ်ခုပေးပြီးရင် လိုက်နာခြင်းရှိ၊ မရှိစစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ