Local News: မောင်တောဖြစ်စဉ်တွေကို အစိုးရ ညွှန်ကြားချက်နဲ့အညီ ကိုင်တွယ်နေတယ်လို့ဆို

တပ်မတော်က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play
သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦး ရှင်းလင်းပြောကြားနေစဉ်။

 

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကို ကိုင်တွယ်ထိန်းထိမ်းတဲ့နေရာမှာ နိုင်ငံတော်အစိုးရက ညွှန်ကြားတဲ့အတိုင်း ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေတယ်လို့    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောလိုက်ပါတယ်။

‘‘ကျွန်တော်တို့လည်း လုပ်လို့ရပါတယ်။ သို့သော် နိုင်ငံတော်အ စိုးရရဲ့ညွှန်ကြားချက်နဲ့အညီ အတတ်နိုင်ဆုံး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်’’လို့ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောခဲ့ပါတယ်။

play

 

နိုဝင်ဘာ ၁၂ ရက်က မောင်တောမြို့ ဂွဆုံကျေးရွာနားမှာ လက်နက်ငယ်နဲ့ ဓား၊ လှံ၊ မှိန်းတွေ ကိုင်ဆောင်ထားထဲ့ အကြမ်းဖက်သမား အင်အား ၅၀၀ လောက်က တပ်မတော်စစ်ကြောင်းကို အရင် ဝိုင်းဝန်းပစ်ခတ်သလို့ တပ်မတော်(လေ)  အမ် အိုင်(၂) ရဟတ်ယာဉ်နှစ်စီးနဲ့ ၄၅ မိနစ်လောက် ပစ်ကူပေးခဲ့ရတယ်လို့ သိရပါတယ်။

‘‘တပ်မတော်အနေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ကို အရင်သုံးပါတယ်။ ရော်ဘာကျည်နဲ့ ပစ်ပါတယ်။ တန်းပြီးတော့ မလုပ်ပါဘူး။ ကျွန်တော်တို့လက်နက်နဲ့ ပစ်မယ်ဆိုရင် တပ်စုတစ်စုရဲ့ပစ်အားက မနည်းပါဘူး။ သို့သော် ကျွန်တော်တို့ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့အတွက် တပ်ရင်းမှူးပါ ထိသွားပါ တယ်။ ထိပြီးတော့ အဝိုင်းခံထားရတဲ့အတွက် ကျွန်တော်တို့တပ်မ တော်ဂုဏ်သိက္ခာ ထိခိုက်ပါတယ်’’လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

Source : 7DayDaily

Photos :  Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ