Local News: မြစ်ကြီးနားမြို့အနီးကို ဗဟိုပြုပြီး ငလျင်လှုပ်

မနက် ၁၀ နာရီ ၅၃ မိနစ် ဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

play

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးကို ဗဟိုပြုပြီး အင်အားပြင်းငလျင်တစ်ခု ဒီနေ့မနက်က လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီ ၅၃ မိနစ် ဝန်းကျင်က အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုဟာ မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၃၃ မိုင်ခန့်အကွာ၊ မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၉၀ ခန့် အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ငလျင်ရဲ့အင်အားဟာ ရစ်(ခ်)တာစကေးဟာ ၄ ဒသမ ၉ အဆင့်ရှိ တယ်လို့ သိရပါတယ်။

Photos & Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ