Local News: အမျိုးသမီးတစ်ဦးတည်း နေအိမ်မှာရှိနေတုန်း လူသုံးဦးကလုယက်မှု နေပြည်တော်မှာဖြစ်ပွား

နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။

play

 

နေပြည်တော်ပုဗ္ဗသီရိ မြို့နယ်ထဲက ဝဏ္ဏဒီပရပ်ကွက်၊ ငုရွှေဝါလမ်းထဲက အမျိုးသမီးတစ်ယောက်တည်းရှိနေတဲ့ နေအိမ်တစ်အိမ်ကို နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီလောက်က အမည်မသိလူသုံးဦးက ၀င်ရောက်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပုဗ္ဗသီရိ မြို့နယ် နယ်မြေရဲစခန်း (ထုံးဖို မြို့မရဲစခန်း)ကနေ သိရပါတယ်။

“အိမ်နောက်ဖေးကနေဝင်လာပြီး တစ်ယောက်က နောက်ကနေ အချွန်တစ်ခုနဲ့ ထောက်ထားပြီးတော့ အော်ရင်နောက်က ထိုးလိုက်မှာဆိုပြီးတော့ တစ်အိမ်လုံး မီးမိန်းဘယ်မှာလဲ မေးပြီး မီးမိန်းကို ချခိုင်းတယ်။ သုံးယောက်လုံးက မျက်နှာတွေပဝါတွေနဲ့ စီးထားတယ်။ ပစ္စည်းတွေ ချွတ်ခိုင်းတယ်” လို့ လုယက်ခံရသူ မမွန်မွန်ဇော်က ပြောပါတယ်။

လုယက်မှုကြောင့် ငွေကျပ် ဆယ်သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ မမွန်မွန်ဇော် ၀တ်ဆင်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ဆွဲကြိုးတွေပါသွားပြီး နယ်မြေရဲစခန်း (ထုံးဖို မြို့မရဲစခန်း)မှာ ပ ၂၀၁/၂၀၁၆ ပုဒ်မ ၃၈၆ နဲ့ အရေးယူဆောင်ရွက်ပေးဖို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုံးဖိုမြို့မရဲစခန်းက ပြစ်မှုကျူးလွန်ခဲ့သူတွေကို ရှာဖွေနေပြီး ပုဒ်မ ၃၈၆ ကို ကျုးလွန်တာထင်ရှားတဲ့ ဘယ်သူမဆို ငွေဒဏ်ကနေ ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ