Local News: ဦးမျိုးရန်နောင်သိမ်း အာမခံလျှောက်ထားတာ ပယ်ချခံရ

အာမခံရဖို့ ခရိုင်တရားရုံးထံ ဆက်လက်လျှောက်ထားသွားမယ်လို့ ဆိုပါတယ်။

play

 

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တပ်မတော်ကနေ အမှုဖွင့်တရားစွဲထားတာခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို အာမခံပေးဖို့ သူ့ရဲ့ရှေ့နေက အာမခံလျှောက်ထားရာမှာ ကမာရွတ်မြို့နယ် တရားသူကြီးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

play

 

ဒီနေ့မနက်ပိုင်း(နိုဝင်ဘာ ၁၇)က ဦးမျိုးရန်နောင်သိမ်းကို တတိယအကြိမ် ရမန်ယူရုံးထုတ်ရာမှာ ပထမဆုံးအကြိမ် အာမခံ လျှောက်ထားခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးရဲ့ အာမခံပယ်ချမှုကို မကျေနပ်လို့ ခရိုင်တရားရုံးထံ ဆက်လက်လျှောက်ထား သွားမယ်လို့ ဦးမျိုးရန်နောင်သိမ်းက သတင်းထောက်တွေကို ပြောပါတယ်။

play

 

ဦးမျိုးရန်နောင်သိမ်းကို အလုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အရင်က အလုံတရားရုံးမှာ နှစ်ကြိမ်တိတိ ရုံးထုတ်ရမန်ယူထားခဲ့ပေမဲ့ သူ့ရဲ့ နေရပ်လိပ်စာမှားယွင်းနေမှုကြောင့် ဒီနေ့ ရုံးထုတ်ရမန်ယူတာကို ကမာရွတ်မြို့နယ်တရားရုံးမှာ ပြောင်းလဲ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ