Local News: ကျီးမနိုးပွဲညမှာ အိမ်ပေါ်တက်ခိုးတဲ့သူတွေက အိမ်ရှင်တွေကို ဓားနဲ့ထိုး

ပြစ်မှုကျူးလွန်ခဲ့တဲ့ လူငယ်သုံးဦးထဲက နှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

play

 

တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ သူခိုးကြီးည ကျီးမနိုးပွဲမှာ နေအိမ်ပေါ်တက်ပြီး ပစ္စည်းခိုးယူနေတဲ့ လူငယ်အဖွဲ့ကသူတို့ကို မြင်တွေ့သွားတဲ့ အိမ်ရှင်သားအမိကို ဓားနဲ့ထိုး ထွက်ပြေးခဲ့တဲ့ဖြစ်ရပ် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းဟောင်း အိမ်ရာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သူခိုးကြီးည စနောက်သလိုနဲ့ နေအိမ်ထဲဝင်ပြီး ပစ္စည်းခိုးတာ၊ အိမ်ရှင်မိသားစုက သူတို့ကို မြင်သွားလို့ ဓားနဲ့ထိုးပြီး ထွက်ပြေးချိန် လှည့်ကင်းအဖွဲ့နဲ့ ရပ်ကွက်နေသူတွေက ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ၊ နှစ်ယောက်ကို မိခဲ့ပြီး တစ်ယောက်လွတ်သွားတယ်”လို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးယုနိုင်က ပြောပါတယ်။

နေအိမ်ထဲဝင်ရောက်ပြီး ပစ္စည်းတွေခိုးယူနေတဲ့ လူငယ်အမျိုးသား သုံးဦးကို အသက် ၅၀ ဝန်းကျင်ရှိ အိမ်ရှင်အမျိုးသမီးက တွေ့သွားလို့ လူငယ်အဖွဲ့က အမျိုးသားတစ်ဦးက ဓားနဲ့ပြေးထိုးခဲ့ပြီး အိမ်ရှင်အမျိုးသမီးရဲ့အော်ဟစ်သံကိုကြားတဲ့ သားဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားက အိပ်ခန်းထဲကနေ ပြေးထွက်လာတုန်းမှာ သူ့ကိုပါ ဓားနဲ့ ထိုးခဲ့တာလို့  အင်းစိန်မြို့မရဲစခန်းကနေ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ