Local News: အကြမ်းဖက် မသင်္ကာသူ (၅၉)ဦး မောင်တောမြို့နယ်မှာ ထပ်မံဖမ်းဆီးရမိ

နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရင်း ဖမ်းမိခဲ့တာပါ။

play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာနဲ့ ဒါးကြီးဇား ကျေးရွာတွေမှာ အကြမ်းဖက်သမားလို့ ယူဆရတဲ့ မသင်္ကာသူ ၅၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မသင်္ကာသူ ၅၉ ဦးထဲကနေ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် (၅၂) နှစ် အပါအဝင် ဂွဆုံကျေးရွာမှ (၂၁) ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ကိုးဦးတို့ကို ညနေ ၅ နာရီ ၃၅ မိနစ်မှာ အမှတ်(၃) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးမှာ လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်းလုပ်ကိုင်တဲ့ ဟာမတ်ဒူလာ (၁၅) နှစ် အပါအဝင် ဂွဆုံကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီးဇားကျေးရွာမှ တစ်ဦး၊ ဦးဆိန်ကျကျေးရွာမှ တစ်ဦးတို့ကို ညနေ ၅ နာရီ ၄၅ မိနစ်မှာ အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတို့မှာ ခေတ္တထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Source & Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ