Local News: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာဖို့နဲ့ ကင်းစခန်းတွေပြုပြင်ဖို့ ဖြည့်စွက်ရန်ပုံငွေတောင်းခံ

ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးက တောင်းခံခဲ့တာပါ။

play
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနားတွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံဖို့နဲ့ ခြံစည်းရိုးတစ်လျှောက်က ကင်းစခန်းတွေပြုပြင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက လွှတ်တော်ကို ဖြည့်စွက်ရန်ပုံငွေတောင်းခံလိုက်တယ်လို့ သိရပါတယ်။

မူလက ချထားပေးတဲ့ ခန့်မှန်းရန်ပုံငွေက မလုံလောက်တော့လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အခုလို တင်ပြတောင်းခံခဲ့တာဖြစ်ပါတယ်။

play

 

ခွင့်ပြုငွေမလုံလောက်လို့ ငွေလုံးငွေရင်းအသုံး စရိတ်အနေနဲ့ ကျပ်သန်းပေါင်း ၃၆၉၂၈ သန်းကိုတောင်းခံခဲ့တာဖြစ်ပြီး ဒီငွေတွေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံတာတွေနဲ့ ခြံစည်းရိုး တစ်လျှောက်က ကင်းစခန်းတွေ ပြုပြင်ဖို့အပြင် အခြားလုပ်ငန်းနှစ်ခုကို လုပ်ဆောင်သွားမယ်လို့ ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်စိုးက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်း ပေါင်း ၁၃၄၅၄ ဒသမ ၉၄၄ သန်း တောင်းခံခဲ့ပြီး အကျဉ်းသား၊ အချုပ်သားဦးရေ တိုးမြင့်လာလို့  ကျွေးမွေးဖို့ ရိက္ခာငွေလိုအပ်ချက်တွေကို ဖြည့်ဆည်းသွားမယ့်အပြင် အခြားကိစ္စရပ်တွေကို ဆောင်ရွက်မယ်လို့ သိရပါတယ်။

Source : Democracy Today

Photos : democracy for burma

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ