Local News: အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကို လူငယ်အရွယ်အဖြစ် သတ်မှတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လက်ခံဖို့ သဘောတူပြီးဖြစ်တယ်။

play

 

အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အထိကို လူငယ်အဖြစ် သတ်မှတ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲက သဘောတူခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ကောက်ယူလာတဲ့ သတ်မှတ်ချက်တွေထဲမှ အများဆုံးသတ်မှတ်ချက်ကို တစ်နိုင်ငံလုံးအဆင့် သတ်မှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

 ပြည်နယ်နဲ့တိုင်းကတင်လာတဲ့ အသက်ကန့်သတ်ချက်တွေကိုတော့ ဖျက်ပစ်တဲ့ သဘောမဟုတ်ဘဲ သူ့ပြည်နယ်နဲ့ တိုင်းအလိုက် သတ်မှတ်ချက်အတိုင်း ရှိနေမှာဖြစ်ပြီး ပြည်ထောင်စုအဆင့်အနေနဲ့ကတော့ အသက်(၁၆)နှစ်ကနေ (၃၅) နှစ်ကို  လူငယ်အဖြစ် သဘောတူခဲ့တာဖြစ်တယ်လို့  လူငယ်ရေးရာမူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီဝင် မခင်စန္ဒာညွန့်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲရဲ့ လူငယ်အသက် သတ်မှတ်ချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လက်ခံဖို့ သဘောတူပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ