Local News: အသက် (၆၀)အရွယ် ခရီးသည်ကို ထိုးကြိတ်ခဲ့တဲ့ ယာဉ်နောက်လိုက်ကို ထောင်ရှစ်ရက်ချ

ယာဉ်ပေါ်က ကန်ချကာ လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

play

 

အသက် (၆၀)အရွယ် ခရီးသည်ကို ထိုးကြိတ်ခဲ့တဲ့ ဘီအမ်ခရီးသည်တင် ယာဉ်နောက်လိုက်ကို ရဲအက်ဥပဒေနဲ့ ထောင်ဒဏ်ရှစ်ရက်ချမှတ်ခဲ့ပြီး ပုဒ်မသုံးခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါယာဉ်ဟာ မြောက်ဒဂုံနဲ့ ဆူးလေကို ပြေးဆွဲတာဖြစ်ပြီး ယာဉ်စီးခပိုမိုတောင်းခံတာကြောင့် မကျေနပ်ကြောင်း ပြောကြားရာက အသက် ၆၀ အရွယ်ခရီးသည်ကို ယာဉ်ပေါ်က ကန်ချကာ လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

ထိုးကြိတ်ခဲ့တဲ့ ယာဉ်နောက်လိုက်ဟာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မနက်က ရန်ကင်းရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ခရီးသည်တင်ယာဉ်နောက်လိုက်အချို့ရဲ့ အပြုအမူနဲ့ပတ်သတ်ပြီး  လူအများဝေဖန်ပြောကြားခဲ့ကြပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ