Local News: ကျိုက်ထီးရိုးအလှူခံပုံးတွေက ဝင်ငွေအဆတစ်ရာတိုးလာမယ်လို့ သာသနာရေးဝန်ကြီးပြော

နောက်အဆတစ်ရာလောက် ရောက်လာလိမ့်ဦးမယ်လို့ အာမခံရဲတယ်။

play

 

၂၅ ရက်အတွင်း ကျိုက်ထီးရိုးစေတီက အလှူခံပုံးများမှ အလှူငွေရရှိမှုဟာ ယခင်ဘဏ္ဍာနှစ်အတွင်း အလှူခံပုံးတွေက ရရှိငွေထက် ပိုမိုများပြားခဲ့ပြီး  အခြားကျိုက်ထီးရိုးပုံးတွေက ဝင်ငွေဟာလည်း အဆတစ်ရာခန့် တိုးလာမယ်လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

 7Day Daily ရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၁၇ ရက်က အမျိုးသားလွှတ်တော်အပြီး မီဒီယာတွေကို  သူရဦးအောင်ကိုက ပြောကြားခဲ့တာဖြစ်ပြီး  တစ်နှစ်စာ ရွှေဆိုင်းနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်ငွေဟာလည်း  ၂၆ ရက်လောက်အတွင်းမှာ ရခဲ့ပြီး ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ တစ်ရာသီစာ၊ တစ်နှစ်စာဝင်ငွေ အကျိုးအမြတ်တွေဟာ ဘုရားကြီးထံကို နောက်အဆတစ်ရာလောက် ရောက်လာလိမ့်ဦးမယ်လို့ အာမခံရဲကြောင်း သူရဦးအောင်ကိုက ပြောပါတယ်။

ဒီလိုမျိုး ရအောင်လည်းပဲ ဂေါပကသစ်နဲ့ ဝန်ကြီးဌာန ညွှန်ချုပ်တွေက တာဝန်ယူပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Source: 7Day Daily
Photos:  where-is-myanmar.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ