Local News: ရွှေတိဂုံ စေတီတော်ကို လုံခြုံရေးတိုးမြှင့်ထား

နှောင့်ယှက်ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားတာ ဖြစ်တယ်။

play

 

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော်ကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွတ်တော် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပြီး ပြည်တွင်းပြည်ပ အဖျက်သမားတွေက ရွှေတိဂုံစေတီတော်ကြီးကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်မှုကြောင့်လည်း လုံခြုံရေးတိုးမြှင့်ထားတာ ဖြစ်တယ်လို့ ဦးအောင်ကိုက ပြောပါတယ်။

 ရွှေတိဂုံဘုရားကြီးရဲ့လုံခြုံမှုဟာ  မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ ရက်မှ စတင်ကာ လုံခြုံရေးတိုးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ