Local News: မောင်တောဒေသက အစိုးရဝန်ထမ်းတွေကို လစာနှစ်ဆ ခံစားခွင့်ပေးမယ်

အထူးကိစ္စတစ်ရပ် အနေနဲ့ ခံစားခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

play
မောင်တောဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

 

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောခရိုင်ထဲမှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဒေသတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရ လစာနှစ်ဆခံစား ခွင့်ပေးသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကို အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွက် သုံးလစာကို ရာထူးအဆင့် အလိုက် မူလ လစာရဲ့နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေနဲ့ ခံစားခွင့်ပြုလိုက်တာလို့ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောပါတယ်။

play

 

‘‘လက်ရှိ အခြေအနေအရ လစာခံစားခွင့်ပေးတာပါ။ ရဲတပ်ဖွဲ့အပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်’’လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

မောင်တောခရိုင်က ဝေးလံခေါင်ဖျားဒေသတွေမှာ ပါဝင်နေလို့ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှစ်ဆခံစားခွင့် ပေးခဲ့ဖူးပြီး မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့  အခြေအနေတွေကြောင့် အောက်တိုဘာအတွင်း ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ လစာနှစ်ဆတစ်ပြေးညီ ခံစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ