Local News: ၂၀၁၇ အတွက် မော်တော်ယာဉ်တင်သွင်းခွင့် မော်ဒယ်သတ်မှတ်ချက် ထွက်တော့မယ်

နိုင်ဝင်ဘာလကုန်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

play

 

၂၀၁၇ အတွက် မော်တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်နှစ် (Model Year)သတ်မှတ်ချက်ကို ယခုလနောက်ဆုံးပတ်မှာ တရားဝင်ထုတ်ပြန်သွားမယ်လို့ စီးပွားရေးနဲ့ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ကားလောကမှာ ထွက်နေတဲ့ သတင်းတွေအရ ၂၀၁၇ ကစပြီး ဖရီးပါမစ်ကားတွေနဲ့ ဘယ်မောင်းတစ်မျိုးတည်းပဲ တင်သွင်းရမှာဖြစ်ကာ စလစ်ကပ်ကားတွေကို  ၂၀၁၁ ကနေ၂၀၁၆ မော်ဒယ်အထိ တင်သွင်းရမယ်ဆိုတဲ့ သတင်းတွေကို အတည်မပြုပေးနိုင်သေးဘူးလို့ ဦးခင်မောင်လွင်က ဆဲဗင်းဒေသတင်းစာကို ပြောပါတယ်။

play

 

‘‘ရန်ကုန်တိုင်းဒေသကြီးကတော့ လာမယ့်ဘတ်ဂျက်နှစ်မှာ ကားပါကင်စနစ်အစား ကားဝယ်ယူတင်သွင်းခွင့်လက်မှတ် COE (Certificate of Entitlement)ကို ကျင့်သုံးသွားဖို့ရှိနေတယ်။ ရန်ကုန်ကားအစီးရေကတော့ အများကြီး တက်မလာနိုင်တော့တဲ့ အခြေအနေပါ’’လို့ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြင်ပမှာ ကြိုတင်သတင်း ထွက်ပေါ်နေတဲ့ မော်ဒယ်သတ်မှတ်ချက်တွေအတိုင်းလိုက်နာမယ်ဆိုရင် နှစ်သစ်မှာ အပြောင်းအလဲများစွာနဲ့ တင်သွင်းရမယ့် အခြေအနေဖြစ်ပြီး  ရန်ကုန်လိုင်စင်ပိတ်ထားတာကိုလည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာကို အသေးစိတ် သိချင်နေတယ်လို့ မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေက ပြောပါတယ်။

Source : 7DayDaily

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ