Local News: ပြင်ပ ဒေါ်လာပေါက်ဈေး ၁၃၁၆ ကျပ်အထိ ဆက်တက်လာ

ဒေါ်လာပြဿနာကို အဖြေရှာသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

play

 

ဆက်တိုက်တက်နေတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းက နိုဝင်ဘာလ ၁၆ ရက်မှာ တစ်ဒေါ်လာကို ၁၃၀၄ ကျပ်ရှိနေတာကနေ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ၁၃၁၆ ကျပ်အထိ ဆက်တက်လာတယ်လို့ ငွေကြေး ဈေးကွက်ထဲကနေ သိရပါတယ်။

“ဒေါ်လာဈေးက တက်နေတယ်။ ဒီပြဿနာရဲ့ အကြောင်းအရင်းကိုရှာပြီး ဖြေရှင်းဖို့ ဦးဆောင်မယ့်သူ တစ်ဦးလိုတယ်။ ပြည်ပမှာလည်း ဒေါ်လာက တက်နေတော့ ဈေးကျအောင် အတင်း ဆွဲချလို့တော့ မရဘူး။ တက်သင့် တက်ထိုက်တဲ့ ပမာဏထက် တက်မသွားဖို့၊ ဒီဒေါ်လာ ဈေးတက်မှုကြောင့် နိုင်ငံသားတွေအထိ မနာဖို့ကို အဖြေရှာရမယ်”လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောပါတယ်။

play

 

တရိပ်ရိပ် မြင့်တက်နေတဲ့ ဒေါ်လာပြဿနာကို အဖြေရှာဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်မှာ တာဝန်ရှိပြီး ဒေါ်လာဈေးကို ဗဟိုဘဏ်တစ်ခုတည်းက မထိန်းချုပ်နိုင်ပေမဲ့ ဗဟိုဘဏ်မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံ ရှိလို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ခေါ်ယူပြီး ဒေါ်လာပြဿနာကို အဖြေရှာသင့်တယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။

play

 

အမေရိကန်ဒေါ်လာဈေးက နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြင်ပဒေါ်လာပေါက်ဈေး တစ်ဒေါ်လာ ၁၂၈၉ ရှိနေတာကနေ နိုဝင်ဘာလ ၁၇ ရက်မှာ ၁၃၁၆ ကျပ် ရောက်တဲ့အထိ ဆက်တိုက်တက်ခဲ့ပြီး ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းကလည်း နိုဝင်ဘာလ ၁ ရက်နေ့မှာ ၁၂၈၅ ကျပ်ပဲရှိခဲ့ပေမဲ့  နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ၁၂၉ဝ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Photos : bbc,ibts,mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ