Local News: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းသတင်း

ဓူဝံ ၀က်ဘ်ဆိုက်ရဲ့တစ်ပတ်အတွင်းလူကြည့်အများဆုံး ပြည်တွင်းသတင်းတွေကို တင်ဆက်လိုက်ပါတယ်။

play

 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို နာရီလက်ဆောင်မပေးခဲ့ဟု သူဌေးဦးမောင်ဝိတ်ရှင်းလင်း

ဒီတစ်ပတ်အတွက် ဓူဝံ၀က်ဘ်ဆိုက်မှာ လူကြည့်အများဆုံးပြည်တွင်းသတင်းကတော့ ELeven Media နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့အကြားဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူဌေးဦးမောင်ဝိတ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ သတင်းပါ။

Daily Eleven သတင်းစာနဲ့ အဆိုပါသတင်းစာ စီအီးအိုရဲ့ဖေ့စ်ဘွတ်အကောင့်တွေမှာ ရေးသားဖော်ပြခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို နာရီလက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းက နိုဗိုတယ် မက်စ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းက လူကြည့်အများဆုံးသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

လမ်းမတော်မြို့နယ်က ကလေးတစ်ဦးကို ဇီကာဗိုင်းရပ်စ်သံသယရှိလို့ စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်က အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဇီကာရောဂါ ဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတဲ့ သတင်းကလည်း လူကြည့်များတဲ့ သတင်းတွေထဲမှာပါဝင်ခဲ့ပါတယ်။

ဇီကာဗိုင်းရပ်စ် သံသယရှိခံရတဲ့ ကလေးငယ်က  ဇီကာသံသယလူနာ ၅၀ ဦးမြောက်ဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ဆေးမှုတွေစလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနရဲ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေထွက်ပေါ်လာမှပဲ ဇီကာရောဂါရှိ၊ မရှိ အတည်ပြုပြော ကြားနိုင်မယ်လို့ ဆိုပါတယ်။

ကျီးမနိုးပွဲညမှာ အိမ်ပေါ်တက်ခိုးတဲ့သူတွေက အိမ်ရှင်တွေကို ဓားနဲ့ထိုး

တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ သူခိုးကြီးည ကျီးမနိုးပွဲမှာ နေအိမ်ပေါ်တက်ပြီး ပစ္စည်းခိုးယူနေတဲ့ လူငယ်အဖွဲ့ကသူတို့ကို မြင်တွေ့သွားတဲ့ အိမ်ရှင်သားအမိကို ဓားနဲ့ထိုး ပြီးထွက်ပြေးခဲ့တဲ့ ဖြစ်ရပ်ကလည်း လူကြည့်များတဲ့ သတင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းဟောင်း အိမ်ရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဓားနဲ့ထိုးပြီး ထွက်ပြေးခဲ့တဲ့ သူတွေကို လှည့်ကင်းအဖွဲ့နဲ့ ရပ်ကွက်နေသူတွေက ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ နှစ်ယောက်ကိုဖမ်းမိခဲ့တယ်လို့ လည်းသိရပါတယ်။

play

 

တစ်ဦးချင်းဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဖုန်းဘီလ်အတွက်သုံးနေ

မြန်မာနိုင်ငံက ပြည်သူအများစုက သူတို့တွေရဲ့တစ်ဦးချင်းဝင်ငွေလစာတွေထဲက ၂၀ ရာခိုင်နှုန်းကို ဖုန်းဘီလ်အတွက်အသုံးပြုနေကြပြီး တခြားဒေသတွင်းနိုင်ငံတွေထက် ပိုမိုမြင့်မားတဲ့ နှုန်းထားနဲ့ ပေးဆောင်နေရတယ်ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာသတင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ပြည်တွင်းမှာ ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ဖုန်းဘီလ်ပေးဆောင်ရတာ အရင်ကထက် အနည်းငယ်ပဲ လျော့ကျခဲ့ပြီး နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် ဖုန်းအသုံးပြုခ မြင့်မားနေဆဲဖြစ်ကာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေက ဖုန်းခေါ်ဆိုမှုထက် အင်တာနက်အသုံးပြုတာ ပိုမိုများပြားနေတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ