Local News: မောင်တော၊ မြင်းလွှတ်မြို့မှာ ဆရာ၊ ဆရာမ နားနေဆောင်တစ်လုံး မီးရှို့ခံရ

နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီလောက်က မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

play
မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် အဆောင်ကို တွေ့ရစဉ်။

 

မောင်တောမြို့နယ်တောင်ပိုင်းမှာရှိတဲ့ မြင်းလွှတ်မြို့က ဆရာ၊ ဆရာမတွေ နေထိုင်တဲ့ အဆောင်တစ်လုံးကို အကြမ်းဖက်သမား တွေက ထပ်မံမီးရှို့လိုက်တယ်လို့ နယ်ခြားစောင့်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီလောက်က မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့  မြင်းလွှတ်နယ်ခြားစောင့်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောခဲ့ပြီး မီးတိုက်ခံခဲ့ရတဲ့ အဆောင်က သက်ကယ်မိုး ၀ါးထရံကာ အလျား ၃၅ ပေ၊ အနံ ၁၅ ပေရှိ အဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို မီးရှို့ခံခဲ့ရတဲ့ အဆောင်မှာ ဆရာ၊ ဆရာမတွေ နေထိုင်တာမရှိဘူးလို့လည်း မြင်းလွှတ်အထက်တန်းကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

Source & Photo : 7DayDily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ