Local News: အမြန်လမ်းမှာ ဟိုင်းလတ်ယာဉ်တစ်စီး တိမ်းမှောက် ယာဉ်မောင်းမီးလောင်သေဆုံး

မူကြိုဆရာမ သုံးဦးနဲ့ ကလေးငယ် ငါးဦး ဒဏ်ရာရှိခဲ့ပါတယ်။

play

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအပေါ် မိုင်တိုင် ၁၅၀/၆ နဲ့ ၁၅၀/၇ အကြားမှာ ဒီနေ့ မနက် ၇ နာရီ ၄၅ မိနစ်က ဟိုင်းလတ်ယာဉ်တစ်စီး ၀ဲဘက်ရှေ့ဘီးပေါက်သွားလို့   အရှိန်မထိမ်းနိုင်ဘဲ လမ်းပေါ်ကို တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာတဲ့  ယာဉ်မောင်းစောမောနီးထူးက နေရာပဲ မီးလောင်သေဆုံးသွားခဲ့ပြီး တောင်ငူမြို့ အမှတ် ၅ မူကြိုကျောင်းက မူကြိုဆရာမ သုံးဦးနဲ့ ကလေးငယ် ငါးဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

play

 

“ပထမစဖြစ်တာက ဝါယာရှော့ခ်ဖြစ်ပြီး ကားကမီးလောင်သွားတာ။ ပြီးမှမှောက်သွားတာ။ ကားကလည်း ဓာတ်ဆီကားဆိုတော့ ပိုဆိုးသွားတာပေါ့။ အခုမှ ထွက်လာရုံပဲရှိသေးတာ။ ကလေးတွေကို နေပြည်တော်ကို လေ့လာရေးအလည်အပတ်လိုက်ပို့တာ” လို့ ကားပေါ်မှာ လိုက်ပါလာသူတစ်ဦးက ပြောပါတယ်။

မော်တော်ယာဉ် မီးလောင်တဲ့နေရာကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်တစီးနဲ့ သာဂရအမြန်လမ်း မီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ကြပြီး ဒီဖြစ်စဉ်ကို ဇီးပင်သာအမြန်လမ်းရဲစခန်းကနေ ယာဉ်(ပ)၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၇/၃၃၈/၂၈၅ အရ အရေးယူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source & Photos : MOI,DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ