Local News: မှုခင်းတွေကြောင့် ရန်ကုန်မှာ လုံခြုံရေးကင်မရာ ရောင်းအား မြင့်တက်

ရန်ကုန်မြို့က ဓာတ်တိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးနယ်လုံဝန်ကြီးက ပြောထားပါတယ်။

play

 

ရန်ကုန်မှာ မှုခင်းဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် လုံခြုံရေးကင်မရာ တပ်ဆင်သူတွေများပြားလာပြီး လုံခြုံရေးကင်မရာရောင်းအား ထက်ဝက်ခန့်မြင့်တက်လာတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

 ယခင်က တစ်လကို အလုံးရေ ၄၀ မှ ၅၀ အတွင်းသာ ရောင်းချမှုရှိခဲ့ပေမဲ့ ယခုနိုဝင်ဘာလအတွင်းမှာ အလုံးရေ ၁၀၀ ခန့်ရောင်းချရတယ်လို့ လုံခြုံရေးကင်မရာနှင့် လုံခြုံရေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။  အပြင်သို့ရောက်ရှိနေပါကလည်း  လုံခြုံရေးကင်မရာတပ်ဆင်ထားတဲ့ နေရာကို ဖုန်းမှတစ်ဆင့် အင်တာနက်နဲ့ချိတ်ဆက်ပြီး လှမ်းကြည့်နိုင်တာကြောင့် လူစိတ်ဝင်စားမှုရှိလာကာ တပ်ဆင်မှုတွေများလာတာ ဖြစ်တယ်လို့ သိရပါတယ်။

မှုခင်းဖြစ်ပွားမှု လျော့ကျစေရေးအတွက် ရန်ကုန်မြို့က ဓာတ်တိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးနယ်လုံဝန်ကြီးက လွှတ်တော်မှာ ပြောကြားထားပါတယ်။

Photos & Source: 7Day Daily

ရန်ကုန်မှာ တရားဥပဒေစိုးမိုးမှုကို ဘယ်လိုထင်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ