Local News: စိတ်လွတ်ပြီး လုပ်မိတာလို့ တွံ့တေးမှာ ကလေးသုံးယောက်ကို သတ်ခဲ့တဲ့ ပယောဂဆရာပြော

လူသတ်မှု၊ သာမန်နာကျင်စေမှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

play

 

တွံတေးမြို့နယ် မိုင် ၂၀ ကျေးရွာမှာ ပယောဂဝင်တယ်ဆိုပြီး ကလေးသုံးဦးကို သေဆုံးတဲ့ထိ ရိုက်နှက်ခဲ့တဲ့ အမှုမှာ ရိုက်နှက်ခဲ့သူ ပယောဂဆရာထွန်းနိုင်က စိတ်လွတ်ပြီး လုပ်မိတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

စိတ်လွတ်ကာ မကောင်းတယောင်းတွေကပ်ပြီး သတ်မိတာဖြစ်တယ်လို့ အချုပ်ကားပေါ်မတက်ခင် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ ၅ နှစ်အောက်ကလေးတွေရဲ့အလောင်းတွေကို ရေမျှောတာတွေပါပြုလုပ်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ထွန်းနိုင်ကို လူသတ်မှု၊ သာမန်နာကျင်စေမှု၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၃၀၂၊ ၃၂၃၊ ၂၀၁ တို့နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်တင် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ နောင်တရသလားလို့ မေးမြန်းရာမှာ ထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

Photos & Source: 7Day Daily,  ခင်မို့မို့လွင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ