play

 

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ  စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

‘‘ဘယ်သူတွေပါမလဲဆိုတာတော့ လူကြီးတွေစဉ်းစားပြီး ဖွဲ့ မှာပေါ့။ နိုင်ငံတော်အဆင့်နဲ့လျော် ညီတဲ့ဖွဲ့စည်းမှုဖြစ်မှာပေါ့’’လို့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်၊ စုံစမ်းစစ်ဆေးတွေ့ ရှိချက်အပေါ်အခြေခံပြီး နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်သင့်တဲ့ အစီအမံတွေ သင်ခန်းစာဖော်ထုတ်ချက်များကို လေ့လာ သုံးသပ်တင်ပြတာတွေ ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

Source : 7DayDaily

Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video