Local News: မြန်မာနိုင်ငံတောင်ပိုင်းမှာ နေရာကွက်မိုးရွာမယ်

လေဖိအားနည်း ရပ်ဝန်းကြောင့် လာမယ့်နှစ်ရက်အတွင်း နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေရာကွက်ပြီး မိုးရွာနိုင်သွန်းနိုင်တယ်လို မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကနေစပြီး ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး တနင်္သာရီတိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ လာမယ့် နှစ်ရက်အတွင်း နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ချင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပြီး နိုဝင်ဘာလက ဆောင်းဦးကာလဖြစ်လို့ မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာနေပေမယ့် အထက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ပြောထားပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ