Local News: နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ပညာသင်ဆု ရွေးချယ်ခံရသူ အများစု ပညာတော်သင် မသွားရသေးဟုဆို

Ph.D သွားတက်မယ့်သူ အယောက် ၂ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။

play

 

နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် ရွေးချယ်ခံထားရသူ အများစုက ဒီနေ့အချိန်အထိ သွားရောက်ပညာသင်ယူခွင့် မရရှိသေးဘူးလို့ နိုင်ငံတော်သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်က ပထမဆုံး ပညာသင်ဆုရ ရှိသူများထံမှ သိရပါတယ်။

“အများကြီးပဲ မသွားရသေးတာ။ ပထမ အသုတ်မှာ Ph.D သွားတက်မယ့်သူတင် အယောက် ၂ဝ ကျော်ရှိတယ်။ နှစ်ယောက်လောက်ပဲ သွားရသေးတယ်။ အစိုးရသစ် လက်ထက်မှာလည်း သမ္မတရော၊ နိုင်ငံတော် အတိုင်ပင်ခံရော၊ ပညာရေးဝန်ကြီးဌာနကိုရော စာတွေ တင်ခဲ့တယ်။ ဘာမှကိုထူးမလာသေးဘူး”လို့ ပညာသင်ဆု ပထမဆုံးအသုတ်မှာ အောင်မြင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သမ္မတ ပညာသင်ဆု ရွေးချယ်ခံရလို့  ကျောင်းလျှောက်ပြီး ကျောင်းကနေလက်ခံစာ ရရှိချိန်မှာ မြန်မာအစိုးရဘက်ကနေ ပေးဖို့လိုအပ်တဲ့ ထောက်ခံစာ (Recommendation Letter) မရသေးလို့ အခက်အခဲရှိနေတယ်လို့ ပညာသင်ဆု ရရှိထားသူတွေက ပြောပါတယ်။

အရင်အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် ရွေးချယ်ခံရသူများကို လက်ရှိအစိုးရလက်ထက်မှာလည်း ဆက်လက်စေလွှတ်ပေးခဲ့တာတွေရှိပြီး  ကျောင်းရွေးချယ်ရေး အခက်အခဲတွေရှိနေလို့ မသွားရသေးသူများလည်း ရှိကြောင်း ညွန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ