Local News: ဗဟန်း ရွှေဂုံရိပ်မွန်မှာ အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ်ဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်

လည်ပင်းကို ပုဆိုးနဲ့တင်းတင်းကြပ်ကြပ်အစီးခံရပြီး သေဆုံးနေတာပါ။

play

 

ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ရွှေဂုံရိပ်မွန်အိမ်ရာက ငါးလွှာတိုက်ခန်းတစ်ခုမှာ နိုဝင်ဘာလ ၁၈ ရက် မနက်ပိုင်းက အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ်ခံထားရကာ ဖူးရောင်ညိုမဲ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့တယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

စပိန်နဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်လုပ်ကိုင်တဲ့ သေဆုံးသူ ဦးရန်အောင်က လည်ပင်းကို ပုဆိုးနဲ့တင်းတင်းကြပ်ကြပ်အစီးခံရပြီး အိပ်ခန်းထဲက ဆိုဖာပေါ်မှာ လက်ပြန်ကြိုးတုတ် မှောက်လျက်သား သေဆုံးနေတာကို အိမ်သန့်ရှင်းရေး လာလုပ်တဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်လှမြိုင်က စတင်မြင်တွေ့ခဲ့တာလို့ ဆိုပါတယ်။

"သေဆုံးသူက တိုက်ခန်းမှာ တစ်ယောက်ထဲ နေတယ်။ လူသတ်သမားက တိုက်ခန်းအပြင်ဘက်က တံခါးသော့ခတ် ပိတ်ခဲ့တာပါ။ ဒီမနက် အိမ်သန့်ရှင်းရေးလာလုပ်သူက သူ့မှာရှိတဲ့ သော့အပိုနဲ့ တံခါးဖွင့်အိမ်ထဲဝင်မှ အိမ်ရှင်အမျိုးသားရဲ့အလောင်းကို တွေ့ခဲ့တာ"လို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိက ပြောပါတယ်။

သေဆုံးသူရဲ့ နေအိမ်တိုက်ခန်းကို ရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ရာမှာ တန်ဖိုးရှိ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း စုံစမ်းသိရှိရပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူဖို့ ဗဟန်းမြို့မ ရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source & Photo : The Voice

ရန်ကုန်မှာ သင့်လုံခြုံရေး စိတ်ချရမှုရှိလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ