Local News: လာနီညာဖြစ်နိုင်ခြေများလာလို့ ဒေသတချို့မှာ အအေးပိုလာနိုင်တယ်လို့ဆို

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရေခဲမှတ်အောက်ရောက်တဲ့အထိ အေးနေပြီလို့ဆိုပါတယ်။

play
မြူနှင်းများကျနေသည့် မန္တလေးမြို့နံနက်ခင်း။

 

အအေးလွန်ကဲတဲ့ လာနီညာဖြစ်စဉ်ပြန်ဖြစ်ဖို့အလားအလာ ပြန်လည်မြင့်တက်လာလို့ မြန်မာနိုင်ငံဒေသတချို့မှာ အအေးပိုလာနိုင် တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

လက်ရှိရာသီဥတုအခြေအနေအရ လာနီညာဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရေခဲမှတ် အောက်ရောက်တဲ့အထိ အေးနေပြီဖြစ် တယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

‘‘အခု မြောက်ပိုင်းဒေသတွေ နှင်းတွေကျတယ်။ မြူတွေကျ တယ်။ အထက်ပိုင်းဒေသတွေ အအေးပိုလာမယ်။ ကချင်ပြည်နယ်မှာ ရေခဲမှတ်အောက်ရောက် အောင်ကျပြီ။ အခုဆိုရင်ပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေတယ်ဆိုတော့ ဒါတွေက လာနီညာနဲ့ ဆက်စပ်တယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ချင်းပြည်နယ်မှာ နိုဝင်ဘာရဲ့ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ချင်း၊ ရှမ်းပြည်နယ်နဲ့  မန္တလေးတိုင်းဒေသကြီးတို့ရဲ့ဒေသတချို့မှာ အအေးပိုခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photo : Htut Myat Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ