Local News: ပြည်ထောင်စုဝန်ကြီးနဲ့ စကားများခဲ့လို့ ဒုဝန်ကြီးတာဝန်ကနေ ရပ်စဲခံရတာလို့ ဒေါက်တာထွန်းဝင်းပြော

နုတ်ထွက်စာတင်ဖို့ ငြင်းပယ်ခဲ့ပြီးနောက် တာဝန်ကနေ ရပ်စဲခံခဲ့ရတာလို့ ဆိုပါတယ်။

play

 

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ကနေ ရပ်စဲခံရတဲ့အကြောင်းအရင်းက အစည်းအဝေးတစ်ခုမှာ စိုက်မွေးဆည်ပြည်ထောင်စုဝန်ကြီးနဲ့  စကားအချေအတင်ဖြစ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရာထူးကနေ ရပ်စဲခံခဲ့ရတဲ့ ဒေါက်တာထွန်းဝင်းက ပြောလိုက်ပါတယ်။

လစဉ်ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ တစ်နိုင်ငံလုံးက မိုးစပါးတွေကို ဆည်ရေကနေ ရေပေးဖို့  စိုက်ပျိုးရေးခြံများကို အလွန်သက်သာသောနှုန်းဖြင့် အငှားချထားပြီး အလုပ်မလုပ်တဲ့ မြေကွက်တွေကို အစိုးရက ပြန်သိမ်းဖို့နဲ့၊ ဆည်တွေမှာ ငါးမွေးမြူရေးလုပ်ကိုင်ဖို့၊ ဧရာဝတီမြစ်ရေတင်စီမံကိန်းတွေလုပ်ဖို့ စတာတွေကို တင်ပြခဲ့ပေမယ့် ပယ်ချခံရလို့ ပယ်ချရတဲ့ အကြောင်းရင်းကို မေးမြန်းရင်း ပြည်ထောင်စုဝန်ကြီးနဲ့ ကတောက်ကဆဖြစ်ခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

play

 

ဒုတိယဝန်ကြီး တာဝန်ကနေရပ်စဲ ခြင်းမခံရခင် နေပြည်တော်ကောင်စီကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့နဲ့ ကိုယ်တိုင်နုတ်ထွက်စာတင်ဖို့ ညွှန်ကြားချက်တွေကို ငြင်းပယ်ခဲ့ပြီးနောက် တာဝန်ကနေရပ်စဲခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ  အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ခေါ်ယူတွေ့ဆုံခဲ့ပြီး  တိုင်စာတွေရောက်လာလို့ တိုင်စာအတွက် နေပြည်တော်ကောင်စီကို နေရာရွှေ့ပြောင်း တာဝန်ထမ်းဆောင်ရမယ်လို့ ပြောခဲ့တယ်လို့  ဒေါက်တာထွန်းဝင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဌာနပြောင်းအရေးယူရတဲ့ အကြောင်းကို သိချင်တယ်လို့  ဦးဝင်းထိန်ကို မေးမြန်းခဲ့ပေမယ့် အကြောင်းရင်းကို မပြောပြခဲ့ဘဲ နေရာပြောင်းရွှေ့ဖို့ စဉ်းစားချိန်ယူလို့ ပြောတာကြောင့် တစ်ပတ်ခန့်အချိန်တောင်းခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : 7DayDaily,AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ