Local News: မူဆယ်မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဝင်ရောက်တိုက်ခိုက်

ဒီနေ့မနက် ၂ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

play

 

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက တရုတ်-မြန်မာ ကုန်သွယ်ရေးမြို့တော်မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်စခန်းနဲ့ ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့ကို KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေက ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အင်အားရာနဲ့ချီပြီးပါဝင်တဲ့ အဆိုပါပူးပေါင်းအဖွဲ့တွေက မူဆယ်မြို့အဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး မူဆယ်မြို့ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေ ရဲစခန်းအရှေ့ဘက်က တပ်မတော်တပ်စခန်းကုန်း၊ ဖောင်းဆိုင်စခန်းနဲ့မန်ကန် စခန်းတို့ကို  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် မနက် ၆ နာရီ ၄၅ မိနစ်မှာလည်း ပန်ဆန်းမောင်းတံဂိတ်နဲ့ ကုန်သွယ်ရေးဇုန်ထဲကို  TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က လာရောက်ပစ်ခတ်ခဲ့လို့ လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ်(ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နဲ့ အပြစ်မဲ့ ပြည်သူ ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားကာ မူဆယ်-လားရှိုး ဆက်သွယ်ရေးနဲ့ သွားလာမှုတွေ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။

Source & Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ