Local News: မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၉ ဦး ရှိလာ

, updated

သေဆုံးသူ ၉ ဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

မူဆယ်မြို့၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၉ ဦးရှိလာပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

 လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောထားကြောင်း RFA ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၉ ဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက စိုးရိမ်ရသူ ၇ ဦးကို လာရှိုးပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

 မူဆယ်မြို့ပေါ်သို့  ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိပြီး တိုက်ပွဲတွေကြောင့် ကုန်တင်ကားတွေဟာ ကွတ်ခိုင်မှာ ပိတ်မိနေတာ ဖြစ်ပါတယ်။ ဒီနေ့ မနက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော် တပ်စခန်းတွေနဲ့ ရဲကင်းတွေကို TNLA, KIA/KIO, MNDAA နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Photos & Source: RFA, Photo: Khin Mg Lwin/ Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ