Local News: ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား အချိတ်အဆက် အနည်းငယ်လွဲနေကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

မေးမြန်းတဲ့အကြောင်းအရာကို ထိရောက်စွာဖြေကြားဖို့ လိုအပ်ကြောင်း ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်

play

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား အချိတ်အဆက် အနည်းငယ် လွဲနေတယ်လို့ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားလိုက်ပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ  နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပြီး "ကျွန်တော်တင်ပြချင်တဲ့ အချက်ကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်နဲ့ အချိတ်အဆက်လေးတွေ နည်းနည်း လွဲနေတယ်ထင်ပါတယ်" လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ဦးကျော်ဇေယျက မေးခွန်းလေးခုမေးမြန်းဖို့ စီစဉ်ထားပေမဲ့ လွှတ်တော်ရုံးက မေးခွန်းတွေ ထပ်နေတာကြောင့် နှစ်ခုသာမေးမြန်းခွင့်ပြုမှုနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာလည်းဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းတဲ့မေးခွန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်ဖြေကြားရာမှာ မေးမြန်းတဲ့အကြောင်းအရာကို ထိရောက်စွာဖြေကြားဖို့ လိုအပ်ကြောင်း ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ