Local News: ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအခြေအနေကို တရုတ်ဘက်သို့ အကြောင်းကြားထား

ဒီဘက်အခြေအနေကို သိရအောင် လှမ်းပြောထားတဲ့သဘော ဖြစ်တယ်။

play

 

မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်က တပ်၊ ရဲတပ်ဖွဲ့ စခန်းတွေနဲ့ ကုန်သွယ်ရေး  စခန်းတွေကို KIA, TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်တဲ့ အခြေအနေကို တရုတ်သံရုံးသို့ အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နယ်စပ်မှာဖြစ်တာကြောင့်  ဒီဘက်အခြေအနေကို သိရအောင် လှမ်းပြောထားတဲ့သဘောဖြစ်တယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

KIA (ကချင်)အဖွဲ့၊ TNLA (တအာင်းပလောင်)  အဖွဲ့နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေဟာ  နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်က စတင်ကာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အရပ်သားတွေ အပါအဝင် လူကိုးဦးသေဆုံးကာ လူပေါင်း ၂၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ တစ်ထောင့်ငါးရာခန့်လည်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily,  Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ