Local News: မူဆယ်တိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ထောင့်ငါးရာခန့် စစ်ဘေးတိမ်းရှောင်နေရ

မူဆယ် ကုန်သွယ်ရေးဇုန်နားမှာရှိတဲ့ရွာတွေက ပြည်သူတွေ တိမ်းရှောင်လာကြတာပါ။

play
မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသူများကိုတွေ့ရစဉ်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နားကို တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတစ်ထောင့်ငါးရာလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မူဆယ်မြို့ခံ လူမှုရေးအသင်းအဖွဲ့တွေကနေ သိရပါတယ်။

မိုင်းယုကျေးရွာအပါအ၀င် တုန်ခမ်၊ နမ့်ဟွမ်နဲ့ မိုင်းမော်ရွာတွေက ဒေသခံတစ်ထောင့်ငါးရာခန့်လောက်က မူဆယ်မြို့က ရွှေသမင်ဘုန်းကြီးကျောင်း၊ မဟာဝင်ဘုန်းကြီးကျောင်းနဲ့ လေယာဉ်ကွင်းဟောင်းတို့မှာ လာရောက်ခိုလှုံနေရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ကာယကံပရဟိတဖောင်ဒေးရှင်းကနေ သိရပါတယ်။

play

 

‘‘အခုရွာထဲတွေမှာ လူမရှိတော့ဘူး။ ထွက်ပြေးလာကြပြီ။ အများစုက ကွင်းပြင်မှာပဲ ဆိုတော့ဖြစ်သလို နေနေကြရတယ်’’လို့ ကာယကံပရဟိတဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောပါတယ်။

မူဆယ်မြို့နယ်အပါအ၀င် ရှမ်းမြောက်ဒေသအတွင်း တိုက်ခိုက်မှုတွေကို KIA ၊ တအာင်းပလောင်အဖွဲ့ TNLA ၊ MNDAA ၊ AA တို့က ပူးပေါင်းတိုက်ခိုက်တာလို့ အဆိုပါအဖွဲ့တွေက ကြေညာခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာ ၂၀ ရက်မှာ ဈေးဆိုင်တွေနဲ့ ဘဏ်တွေပိတ်ထားပြီး လူသွားလူလာနည်းပါးနေတယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily,DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ