Local News: မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်သွားမယ်

မူဆယ်မြို့ကို တိုက်ခိုက်မှုလုပ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

play
မူဆယ်မြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

 

တရုတ်မြန်မာနယ်စပ်၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်နဲ့ ကွတ်ခိုင်မြို့နယ်က အစိုးရတပ်နဲ့ ရဲစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ တအာင်းပလောင်အဖွဲ့TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ကို အစိုးရတပ်မတော်က တိုက်ခိုက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

play

 

"တပ်မတော်စစ်ကြောင်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နံပါတ်တစ်အနေနဲ့ စခန်းကုန်းတွေကို ကာကွယ်ဖို့၊ နံပါတ် ၂ ကတော့ အရပ်သားပစ်မှတ်တွေ၊ ဒီလိုမျိုးတွေဖြစ်လာတာကိုတော့ စစ်ရေးအရတုန့်ပြန်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ တိုက်ခိုက်လာတဲ့ ကချင်ရယ်၊ TNLA ရယ်၊ MNDAA ဒီအဖွဲ့တွေကို လိုက်လံတိုက်ခိုက်ဖို့၊ နံပါတ် ၃ အချက်ကတော့ ကျနော်တို့ဒီဒေသတွင်းမှာရှိတဲ့ ပြည်သူတွေမထိခိုက်အောင် ကာကွယ်ဖို့ ဒီ ၃ ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်"လို့ ဦးဇော်ဌေးက RFA သတင်းဌာနကပြုလုပ်တဲ့ ဖုန်းအင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

play

 

အခုလို တိုက်ခိုက်မှုတွေပြုလုပ်တာက  ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ်လို့လည်း ဦးဇော်ဌေးက ပြောခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်က တရုတ်နိုင်ငံမှာ MNDAA ကိုးကန့်အဖွဲ့ KIA နဲ့ TNLA အဖွဲ့က ခေါင်းဆောင်တချို့က စစ်ရေးလှုပ်ရှားမူ တွေလုပ်ဖို့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်မနက်ပိုင်းမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : RFA

Photos : DVB,Pyi Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ