Local News: သပိတ်ကျင်းမြို့နယ်မှာ ခြောက်ဘီးကားတိမ်းမှောက် ၁၄ ဦးသေဆုံး ၃၃ ဦး ဒဏ်ရာရ

ကိုးဦးက နေရာမှာပဲသေဆုံးခဲ့တယ်လို့ သိရပါတယ်။

play

 

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်းမကြီး ကျောက်ကွဲလမ်းကွေ့မှာ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲလောက်က ခြောက်ဘီးကားတစ်စီးတိမ်းမှောက်ခဲ့လို့ လူ ၁၄ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေက ရွာသူရွာသား ၅၀ ကျော်က ဆက်သွယ်ရေးကေဘယ်ကြိုးမြောင်းတူးဖို့ ဖားကန့်မြို့ကို ခြောက်ဘီးကားနဲ့ လိုက်ပါသွားတုန်းမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်   လိုက်ပါလာသူတွေထဲမှာ ကိုးဦးက နေရာမှာပဲသေဆုံးခဲ့ကာ ဆေးရုံအရောက်မှာ ငါးဦးထပ်မံသေဆုံးခဲ့တယ်လို့ သပိတ်ကျင်းမြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ထိန်လင်းအောင်က ပြောပါတယ်။

သေဆုံးသူတွေက ကလေးနှစ်ဦးအပါအ၀င် အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကနေတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းက ဆေးကုသမှု ခံယူနေပြီး ပြစ်မှုပုဒ်မ ၃၀၄ (က) နဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ သပိတ်ကျင်း မြို့မရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ